Sunday, June 30, 2013

ညီလေးရေ ...... (ကိုထူးအိမ်သင်ရှိသေးလျှင် နှစ်-၅ဝ ပြည့်နှစ် ရွှေရတု အမှတ်တရ)




......

စည်းနှစ်ဖက်ရဲ့ကြား … …. မင်းမရပ်နဲ့ကွာ …. ဒါ .. တွေဝေတတ်သူအလုပ် ……. တို့နဲ့မဆိုင်ပါ  ….
လမ်းတစ်ခုသာရွေး …. အမှားသို့မဟုတ်အမှန် …. ဒါပဲပေါ့ကွာ …. ယုံကြည်စိတ်ထား ….
မင်းသွေးများအားနည်းနေလား …. သွေးသစ်လဲလိုက်ပေါ့ အမှန်တရား ….
လောကကောင်းကျိုးထမ်းရွက်မယ့် …. လူသားတစ်ယောက်  အဖြစ်နဲ့  …………………….  … ….
……

သီချင်းသံကနည်းနည်း … ကားထဲက စပီကာကနေထွက်လာတဲ့ ဒီသီချင်းသံကို ကျွန်တော်ရယ် ကိုဇော်ဦးရယ် အသံကုန်လိုက်ဟစ်လာကြတာ ကားတစ်စီးလုံး ဆူညံပွက်နေတာပါပဲ ….
ပြီးခဲ့တဲ့တစ်ပတ် .. မြန်မာပြည်မှာ ခရီးသွားရင်း ကျွန်တော်တို့ ကားပေါ်မှာ သီချင်းဆိုဖြစ်ကြတယ် … ပြောရရင်တော့ ရီစရာထင်မယ် … ရန်ကုန်နေပြည်တော်လမ်းဆိုတာ ခဏခဏ မော်တော်ယာဉ်တွေ မတော်တဆဖြစ်လေ့ရှိတော့ ကားမောင်းတဲ့သူရော ဘေးကထိုင်လိုက်ကြသူကျွန်တော်တို့ပါ အိပ်မငိုက်ကြရလေအောင် တယ်လီဖုန်းကို ကားထဲက စီဒီ ပလေယာနဲ့ တွဲပြီး သီချင်းဖွင့်ဖျော်ဖြေလာကြတာပါ …. ကိုယ်လည်း ကာရာအိုကေဆိုင်မသွားရပဲ သီချင်းဆိုရ … ကားမောင်းတဲ့သူလည်းအိပ်မငိုက် နှစ်ဦးနှစ်ဖက်အဆင်ကိုပြေလို့ ….
……

သီချင်းဆိုလို့…  ဒီသီချင်းကို လူလတ်ပိုင်း အသက် ၄ဝ-တန်း တော်တော်များများသိကြမှာပါ …. သီချင်းခေါင်းစဉ်နာမည်လေးက ညီလေးရေ တဲ့ …..
……

ကိုထူးအိမ်သင်ဆိုတာ …  မြန်မာပြည်မှာ အသက် ၂၅-နှစ်အထက် မည်သူမဆို မသိသူမရှိသလောက်ပါပဲ …
ဒီလိုပါပဲ ၈၈ အရေးတော်ပုံဆိုတာကိုလည်း အသက် ၃ဝ အထက်မည်သူမဆို မသိသူမရှိသလောက်ဆိုတာ ပြောလို့ရပါတယ် ..
ဒီသီချင်းလေးကို ပြန်လည်နားထောင်သီဆိုဖြစ်ကြရင်းနဲ့ ကိုထူးအိမ်သင်နဲ့ ၈၈ အရေးတော်ပုံကို ကျွန်တော်တို့ ဆက်စပ်ကြည့်မိပါတယ် …
……

ဒီသီချင်းလေးဟာ ၁၉၈၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ကိုထူးအိမ်သင်ရဲ့ နာရီပေါ်ကမျက်ရည်စက်များဆိုတဲ့ ပထမဦးဆုံးတစ်ကိုယ်တော် စီးရီးထဲမှာ ပါရှိခဲ့ပါတယ် … မှတ်မှတ်မိမိပြောရရင် … ကျွန်တော် ပထမနှစ်မှာပါ ….
၁၉၈၇ ခုနှစ်လောက်က နိုင်ငံရေး အခြေအနေကို ပြန်မြင်ကြည့်မိပါတယ် …. အုပ်ချုပ်နေတာက မဆလလို့ လူပြောများတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ တစ်ပါတီစနစ် ….. ….. ကျွန်တော်တို့ ကိုးတန်း၊ ဆယ်တန်းလောက်မှာ …. လူငယ်တွေနိုင်ငံရေး အသိ နိုးကြားနေချိန်လို့ပြောလို့ရတယ် …. ….. ကျွန်တော့်အဖေ လမ်းစဉ်ပါတီရဲ့ မြို့နယ်ကော်မတီ ဖြစ်နေတာတောင် …. တစ်ပါတီစံနစ်ကြီးကို ကျွန်တော်တို့မကြိုက်ခဲ့ကြပါဘူး …… …. မှတ်မှတ်မိမိပြောရရင်  …. ၉ တန်းကစပြီး အတန်းထဲမှာ ပါတီထောင်ကြပါတယ်  … ကျွန်တော်တို့ ပါတီကို အကောင်ပါတီဆိုပြီး နာမည်တတ်ပါတယ် …. ကျွန်တော်က စာရွက်သေးသေးလေးမှာ အကောင် (Akaung)ဆိုပြီးရေး …. Tape အကြည်လေးမှာကပ် … အင်္ကျီအဖြူ ကော်လံပေါ်မှာ နာဇီပုံစံ ကပ်ကြပါတယ် …..  အဲဒီတုံးကတော့ အပျော်သဘောပေါ့ ….. တစ်ပါတီစံနစ်ဆိုတာကြီးကို မကြိုက်ကြတာပဲရှိသေးတယ် …..
…..

၁၉၈၆ နှစ်ကုန်မှာတက္ကသိုလ် တက်ကြတော့လည်း တစ်နိုင်ငံလုံးက ကျောင်းသားတွေနဲ့ဆုံကြတော့ ဒီနိုးကြားမှုတွေက ပိုလို့ထက်သန်လာပါတယ် ….. ၁၉၈၇ လောက်မှာ ထူးအိမ်သင်ရဲ့ ညီလေးရေ ကို ကျောင်းက လဖက်ရည်ဆိုင်များမှာ အဖွင့်များလာပါတယ် …. ဒီအတောအတွင်း ၂၅ ကျပ်တန် .. ၇၅ ကျပ်တန်… ဖျက်သိမ်းတာတွေ စတာတွေနဲ့ နိုင်ငံရေး ရေချိန်တဖြေးဖြေးနဲ့ မြင့်လာနေပါတယ် …. ဒီလိုနိုင်ငံရေး လှုပ်ရှားမှုတွေမှာ ဒီသီချင်းလေးရဲ့ အနှစ်သာရကြောင့်ပဲ လက်နက်မဲ့ လူငယ်ထုဟာ လက်နက်နဲ့ အာဏာရှင်ကိုတွန်းလှန်ခဲ့ကြပါတယ် …. လူငယ်ထုကို အားရှိစေတဲ့ ဒီသီချင်းလေးကိုတော့ အခုထက်ထိတိုင်မမေ့နိုင်ပါဘူး …..
…..

ဒီကနေ့မြင်နေ ကြားနေရတဲ့ အခြေအနေတွေကလည်း ဒီလိုပါပဲ … လူငယ်ကလေးတွေ …. အာဏာရှင်မှိုင်းတွေမိပြီး တွေဝေနေကြတာတွေ့နေရပြန်ပါတယ် ….  

ကျွန်တော်တို့လေးစားတဲ့ ကိုထူးအိမ်သင်ရဲ့ ညီလေးရေဟာ ဒီနေ့လူငယ်တွေအတွက်ပါ ထိရောက်တဲ့ အင်အားတွေပေးနေအုံးမှာပါပဲ …. မနက်ဖြန် ၁၊ ၇၊ ၂ဝ၁၃ ဆိုဟာ ကိုထူးအိမ်သင်ရဲ့နှစ်(၅ဝ)ပြည့်မွေးနေ့ပါပဲ … သူ့ကို လက်လွတ်ဆုံးရှုံးခဲ့ရတာ သူမိသားစုတစ်ခုထဲမဟုတ်ခဲ့ပါဘူး  ….. မြန်မာနိုင်ငံသားအားလုံးအတွက်ပါ ဆုံးရှုံးမှုတစ်ခုပါပဲ ….
…..

ကိုထူးအိမ်သင်ရှိသေးရင် မျိုးဆက်သစ်တွေအတွက် … သူဘာတွေထပ်ပေးအုံးမလဲဆိုတာ ….

ညီလေးရေ … (ထူးအိမ်သင်)
ညီလေးရေ …. လမ်းမမှားအောင်ရွေးကွာ …..
အချိန်များဟာ …. နည်းလွန်းတယ်ဘဝမှာ …..
ညီလေးရေ …. မြစ်တစ်ခုမှာ ရေနှစ်ခါ …..
ချိုးလို့မရနိုင်တာ …. မင်းနားလည်ပါ …..
ညီလေးရေ …. လောကစာမျက်နှာ …..
သင်ကြားပါ …. ကောင်းမှုရှာတဲ့အခါ …..
ညီလေးရေ …. အများအကျိုးဆောင်ယူပါ …..
နှလုံးသားရဲ့အမှန်တရား …. စွဲမြဲခိုင်မာ …..

စည်းနှစ်ဖက်ရဲ့ကြား … …. မင်းမရပ်နဲ့ကွာ …. တွေဝေတတ်သူအလုပ် ……. တို့နဲ့မဆိုင်ပါ  ….
လမ်းတစ်ခုသာရွေး …. အမှားသို့မဟုတ်အမှန် …. ဒါပဲပေါ့ကွာ …. ယုံကြည်စိတ်ထား ….
မင်းသွေးများအားနည်းနေလား …. သွေးသစ်လဲလိုက်ပေါ့ အမှန်တရား ….
လောကကောင်းကျိုးထမ်းရွက်မယ့် …. လူသားတစ်ယောက်  အဖြစ်နဲ့  …………………….  … ….

ညီလေးရေ …. လမ်းရွေးပြီးရင်သွားကွာ …..
အချိန်မရှိပါ …. တို့နောက်မှာ သေချင်းတရား …..
ညီလေးရေ …. လမ်းဆုံးရင်ရွာတစ်ရွာ …..
ရောက်ရှိဖို့ယုံပါ …. စွဲမြဲခိုင်မာ …..

စည်းနှစ်ဖက်ရဲ့ကြား … …. မင်းမရပ်နဲ့ကွာ …. ဒါ .. တွေဝေတတ်သူအလုပ် ……. တို့နဲ့မဆိုင်ပါ  ….
လမ်းတစ်ခုသာရွေး …. အမှားသို့မဟုတ်အမှန် …. ဒါပဲပေါ့ကွာ …. ယုံကြည်စိတ်ထား ….
မင်းသွေးများအားနည်းနေလား …. သွေးသစ်လဲလိုက်ပေါ့ အမှန်တရား ….
လောကကောင်းကျိုးထမ်းရွက်မယ့် …. လူသားတစ်ယောက်  အဖြစ်နဲ့  …………………….  … ….

ညီလေးရေ …. မင်းအကြောင်းဟာသမိုင်းမှာ …..
မှတ်သားစရာ …. မရှိခဲ့တယ်မဟုတ်ပါ …..
ညီလေးရေ …. အားလုံးဟာမရေရာ …..
ဝမ်းနည်းဖို့မလိုတာ …. မင်းနားလည်ပါ …..



ကိုထူးအိမ်သင် နှစ်(၅ဝ)ပြည့်နှစ် ရွှေရတု အမှတ်တရ …

ကိုကိုမောင်
၃ဝ၊ ၆၊ ၂ဝ၁၃
1:10 PM

https://www.youtube.com/watch?v=oYilt7dczaw by
Nigel Win Nigel Win